မိတ်ဆွေ

အားလုံးပဲမင်္ဂလာပါ

အညာ အားမာန်

အောင်မြင်မှူ့ တခုရဖို့ ကျရှုံးမှူ့ တွေနဲ့ ရင်းနီးရတယ် အလှအပရဖို့ မလှပတဲ့ အရာတွေနဲ့ ရင်းနီးရတယ်

Recent Post

Sunday, 14 October 2018
no image

ကျနော်ရဲ့ ဆွဲလည်းလေး

ကျနော် ဘဝမှာ  ဘယ်မိန်းကလေးကိုမှ  ခလြောက်မချစ်ဖူးဘူးးး

ဘယ်သူကိုမှလည်း  ခုလောက် သံယောဇဉ်မကြီးဖူးဘူး

ဘယ်မိန်းကလေးကိုမှလည်း ခုလောက်သိခံပြီးးမချစ်တက်ခဲ့ဖူးဘူးး

ကျနော်ဘဝမှာ အချစ်ဆုံးးး

ကျနော်ဘဝရဲ့ တန်ဖိုးးအထားဆုံးး

ကျနော်ဘဝမှာ ဘယ်အရာကိုမှ နိုင်ယှဉ်မရအောင် တန်ဖိုးထားရဆုံးး

ကျနော်ရဲ့ချစ်ဆုံးလေးးပါ  ကျနော်ရဲ့ဘဝလေးပါ

ကျနော်ရဲ့ဆည်လည်းလေးပါ ကျနော်အရမ်းချစ်တယ်

ကျနော်ချစ်ဆုံးလေးရဲ့ နာမည်က သက်လွင်လွင်ထွန်းတဲ့

ကျနော်ချစ်လွန်းလို့ ချစ်သက်လို့ပဲအမြဲခေါ်ခဲ့တယ်

ကျနော်ချစ်လွန်းလို့ မယုံကြည်နိုင်လောက်အောင်ဖြစ်ရတယ်  အိပ်မက်တစ်ခုလို့ပဲ ကျနော်မြင်မြင်နေတယ်  

ကျနော်ချစ်ဆုံးလေး ခုတော့ ဆုံးပါးသွားးပြီးးး

ကျနော်နားကို ကျနော်မယုံနိုင်ဘူးး

မနက်ဖြန်ဆို တကယ်ကိုမောင်တို့ဝေးသွားကြပြီး

လူလောကကြီးမှ ကျနော်ချစ်ဆုံးလေး မနက်ဖြန်က နောက်ဆုံးနေ့ပါ  15/1/2018  ညနေတစ်နာရီဆို  မီးသင်ဂြိုရတော့မယ်

တကယ်ပဲ ကျနော်အသဲတွေကြေမွသွားရပြီးး

ကျနော်နဲ့ ချစ်သက်ရဲ့ အိပ်မက်လေးတွေ  ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးတွေ  မျှော်လက့်ထားတဲ့သာယာတဲ့ ဘဝလေးတခု

ခုတော့ ပြိုကျ ပျက်စီးသွားခဲ့ရပြီးး

အသက်ရှင်လျှက်နဲ့  ကျနော်မျှော်ကာမှိုင်ငေး ဝေးဝေးကနေ  မမြင်သာလို့  အော်ကာ အော်ကာငိုချမိတယ်

ကျနော်ရဲ့ဆည်လည်းလေး ခုတော့ဘယ်မှာလည်း

ကျနော်ရဲ့လင်းရောင်ခြည်လေးခုတော့ဘယ်မှာလည်း
ကျနော်အသက်ရှင်နေသမျှ  ဘယ်တော့မှ မေ့မှာမဟုတ်ဘူးဆိုတာ

ကျနော်ဆည်လည်းလေး  ကျနော်ချစ်ဆုံးလေး သိနေပေးပါ

မောင်အရမ်းးချစ်တယ်

Tuesday, 7 August 2018
no image

အရိုးသားဆုံး

အရမ်းစိတ်တွေ မျိုးသိပ့်ထားရတယ်
ကိုယ်ကိုယ်နဲ့နဲ့ မရိုင်းဆိုတဲ့ စာသားအတိုင်းး
ခုလိုမျိုး လုပ်မယ်လို့ မတွေးမိခဲ့တာ   ထင်လည်းမထင်ရက်ဘူးလေ……

အရိုးသားဆုံး ပေးငှားလိုက်တာ ဘဏ်ကဒ်တစ်ခု
သူက ကျနော်ငွေချေးယူထားတဲ့ နီပေါနိုင်ငံသား အတူတူအလုပ်သမားပေါ့

ကျနော်မှာ အခက်ခဲ့ကြားက နေမကောင်းတဲ့ ချစ်သူကိုဆေးကုပေးရင်း သူဆီက မဖြစ်မနေချေးခဲ့ရတယ်

ဒီလိုနဲ့ လတွေကြာလာခဲ့တာ  မပေးဖြစ်ခဲ့တာပေါ့ ဒါမယ်သူချေးတာကအတိုးနဲ့ပါ
လတိုင်းအတိုးကိုသေချာပေးပေးခဲ့တယ်

ခုဟာက ကျနော်ပြန်ချိန် သူဌေးနဲ့စကားတွေနေ့ရက်တ်ုင်းလိုလို  ပြောဖြစ်ခဲ့ကြတယ်

ဒါကလည်း ပြန်ဖြစ်ဖို့အတွက်ပါမစ်မရသေးတာ ဘယ်တော့ရမှာလည်းး  ဘယ်ချိန်ပြန်ရမလည်းဆိုတာပြောခဲ့တာပေါ့

အဲလိုနဲ့ ကြားထဲကျနော်ချစ်သူ အရေးပေါ်ခွဲစိတ်မူတွေလုပ်ရမယ်

ဒါမယ်လက်ထဲမှာ ငွေမရှိဘူးလေ ကျနော်ချစ်သူအနားမှာ အားကိုစရာအမေအဖေဆိုတာမရှိ
အကိုဆိုတာက ရှိနေပေမယ် စိတ်ဆင်းရဲအောင်အမျိုးမျိုးချုပ်ချယ်နေတော့  အိမ်ကထွက်ပြေးအလုပ်ကိုတောင် မသိအောင်ပုန်းလုပ်ခဲ့ရတယ်

အဲလိုအားကိုရာမဲ့နေတဲ့ ကျနော်ချစ်သူကိုမှ ကိနော်မကြည့် ဘယ်သူကများလာကြည့်ပေးမလဲ

ဒါနဲ့သူဌေးဆီက ငွေရအောင်ချေးရတယ်
နောက်မှာပေးစရာတွေကလည်းရှိနေတယ်
အိမ်ကလည်း အလုပ်လုပ်မဲ့သူမရှိတာကြောင့်  မလေးကနေ အိမ်ပြန်လာဖို့အတင်းခေါ်နေတယ်

ကျနော်ဘယ်လမ်းကိုလျှောက်လမ်းရမလဲ  အဖြစ်သင့်ဆုံး အဖြစ်နိုင်ဆုံးကို  အကောင်းဆုံးလုပ်ခဲ့ပါတယ်

ကျနော်ချစ်သူမှာ  အသက်ရှင်ရေးအတွက်  ကျနော်ကြိုးစားပြီးကုသပေးခဲ့တယ်
ကျနော်ပြန်ဖို့အတွက်  အချိန်လေးလလောက်ယူလိုက်မယ်စီစဉ်လိုက်တယ်

ဒါကိုမြန်မာလူအချင်းချင်းပဲပြောကြတယ် သူကပြန်တော့မှာ  မင်းကိုလိမ်သွားမှာ ဘာညာပေါ့

ဒီလိုကြားတော့ နီပေါ မိတ်ဆွေကလည်း ဘက်ကဒ်ခဏငှားပေးပါ  သူကဒ်ကလစ်မစ်ကုန်နေတာကြောင့်ဆိုတော့  သူကလည်းကူညီခဲ့တာ ငါလည်းငှားလိုက်မယ် စိတ်ရင်းစေတနာနဲ့ငှားပေးလိုက်တယ်

လစာထွက်လို့ ငါဘက်ကဒ်ပြန်ပေးတော့ ပြောကာမှ  သူမာယာနဲ့လာငှားသွားတယ်ဆိုတာ ကျနော်သိလိုက်တာ အရမ်းလည်းရှက်တယ် ဝမ်းနည်းသလိုလည်းခံစားရတယ်  ကျနော်သာလိမ်ညာမယ်ဆို  ခုလိုဘဏ်ကဒ်ကိုငှားမလား

ဒီလောက်နဲ့လည်းကျနော်သိက္ခာအကျမခံဘူးး
ကျနော်ဟာ သူတပါးပစ္စည်းကို ခုလိုလုပ်ရမယ်ဆိုတဲ့စိတ် လုံးမမရှိတာကျနော်မိတ်ဆွေတွေအသိပါ

တဖက်က အရေးကြီးချိန် လကုန်ပေးမယ်ပြောထားတဲ့ဂတိစကားကို ကျနော်တည်ချင်တယ်
ကျနော်တို့မြန်မာတစ်ယောက် အတုနေသူပေါ့
သူဟာသဘောပြည့်ဝတယ်  အားနာတက်တယ် ကုညီခိင်စိတ်အပြည့်ရှိတယ် 

ကျနော်ခုတော့ အဲဂတိကိုတည်အောင်ဘယ်လိုလုပ်ရမလဲ  ကျနော်ဘာလုပ်ရမလဲ စိတ်တွေအရမ်းညစ်တာကွာ

တည်အောင်ကြိုးစားမယ်

Tuesday, 20 February 2018
အခတ်ခဲ့ဆိုတာကြုံမှနားလယ်ခံစားတက်ကြမှာပါ

အခတ်ခဲ့ဆိုတာကြုံမှနားလယ်ခံစားတက်ကြမှာပါ

ငွေဆိုတာအရေးမကြီးဘူးဆိုပေမယ်
မရှိမဖြစ်တဲ့အရာတစ်ခုပါ
လိုအပ်နေတဲ့အချိန် လိုနေချိန်မှာ
အင်မတန်ကြီးမားတဲ့အရာ

မောင်ချစ်ဆုံးလေးတွက်
မောင်အမြဲကြိုးစားခဲ့တယ်
ခုရက်တရုတ်နှစ်ကူးနဲ့ဆိုတော့
ဘယ်လိုမှရှာမရသလို ဘယ်သူဆီမှချေးလို့ငှာလို့မရဘူး...

တချို့ကအခတ်အခဲ့မောင်နဲ့မကြုံတွေနေရတဲ့
အခက်အခဲ့ပြသနာတွေကို မျှဝေနားလယ်မပေးနိုင်ကြဘူးးး

ဘယ်နားလယ်ကြမလဲချစ်ဆုံးလေးရယ်
သူတို့တွေကိုယ်တိုင်မခံစားဖူးကြသေးတာ
ကိုယ်တိုင်တွေ့ကြုံကြတဲ့အခါ နားလယ်ပေးနိုင်ကြမှာ

အခက်ခဲများလို့ငွေယူတာများနေတာ
မကူချင်နေပါလေ
ကူတဲ့သူကိုတောင် မကူညီအောင်ပြောတက်ဆိုတက်ကြတဲ့
တချို့သောမြန်မာသူငယ်ချင်းတွေမောင်အနားမှာဝိုင်းလို့ရှိနေတယ်

ခုချိန်မောင်စိတ်တွေအရမ်းပူနေတယ်ဆိုတာ
ချစ်ဆုံးလေးသိမှာပါ
အဝေးကနေချစ်သူသတိလစ်သွားတယ်ဆိုတာ
ကြားရတဲ့မောင်မှာ. အရမ်းကိုခံစား စိတ်ပူပန်းရတယ်

မောင်ချစ်ဆုံးလေးသတိရလာပါစေလို့မောင်အမြဲဆုတောင်းနေတယ်နော်

သတိရလာပါတော့ချစ်ဆုံးလေးရယ်
မောင်ဘဝလေးမောင်အရမ်းချစ်တယ် 

20/2/2018

Saturday, 23 December 2017
မောင်နဲ့မ

မောင်နဲ့မ

မောင်ချစ်ဆုံးလေးရေ
အချိန်တွေကြာလာတာနဲ့အမျှ
သံယောဇဉ်တွေ ပိုလို့ခိုင်မြဲတယ်
မောင်ဘဝရဲ့ တန်ဖိုးရှိဆုံးမြတ်နိုးဆုံးက
ချစ်ဆုံးလေ့းဖြစ်နေတယ်......

မောင်ရင်ထဲမှာ ပလောင်းဆူသွားစေတဲ့
အကြောင်းရာတခုက မထင်မှတ်ပဲစေ့စပ်တော့မယ်လို့ကြားသိရချိန်

ဆုံးရုံးများသွားရင်ဆိုတဲ့စိတ်လေးနဲ့တင်
ဘဝက အဓိပ္ပါယ်မရှိတော့သလို
မပြည့်စုံတော့သလိုလို.....

ကယ်ထုပ်ချိန်လေးနှစ်ရက်အတွင်း
ကယ်နိုင်လိုက်တာမောင်နဲ့မ အိပ်မက်ကိုမပျက်စီးသွားတာ
အရမ်းကိုပျော်ရွှင်ရသလို
မနိုင်ကျေးဇူးလည်းအများကြီးတင်ရတယ်

ယနေ့ကစ....
ခုချိန်ကစလို့ ဘာမှအားမငယ်နဲ့တော့ ချစ်ဇနီးလေးနော်
အမြဲတမ်းတွက် အရမ်းချစ်တာ
ဘယ်တော့မှ မဝေးရမခွဲရတော့ဘူးနော်
ယုံကြည်ထားပါချစ်ဆုံးလေး.....

အသက်ထက်မကမောင်ချစ်သက်လေးကို ပိုချစ်တယ် ချစ်ဇနီးလေး...

အချိန်တွေနေ့ရက်တွေရှိနေသမျှ 
မောင်နဲ့မ. ဘယ်တော့မှမခွဲဘူး
သေတဖန်သက်ဆုံး ထာဝရတူတူရှိတယ်ကတိပါချစ်ဇနီးလေး

24/12/2017
Friday, 10 November 2017
I miss you ...my love

I miss you ...my love

အချိန်တွေကြာကြာတက်လာဖို့မှတ်ဖို့ကိုမေ့သွားတယ်
မောင်ချစ်ဆုံးလေးရယ်
ခုချိန် အလိုချင်ဆုံးဆုကိုတောင်းပါဆို
မောင်ချစ်သက်လေးအနားကိုရှိနေချင်တယ်
နေမကောင်းချိန် အားငယ်နေမှာ
ဝမ်းနည်းနေမှာ သိမ် ငယ်နေမှာ
အရမ်းစိုးရိမ်တယ်
ဒါမယ့်အနားကိုကြီးမကြီးရှိနေတယ်ကြားသိရလို့ စိတ်တော့အေးရတယ် စိတ်လည်းပူရတယ်
နေကောင်းသွားလို့အိမ်ကိုပြန်ခေါ်သွားမှာ
ဖုန်းသိမ်းထားပြီးမောင်ချစ်ဆုံးလေးနဲ့မပြောရ
မတွေ့ရမှာကိုပေါ့
စိုးရိမ်စိတ်တွေ အတွေးတွေနဲ့မောင်အရမ်းလည်းလွမ်းတယ်ချစ်ဆုံးလေးရယ်
ထာဝရမောင်အနားကရှိနေတယ်နော်ဘာကြောင့်မှမဝေးပါရစေနဲ့ချစ်ဆုံးလေးရယ်
မောင်အသက်ထက်ချစ်မြတ်နိုးတာပါ
မောင်ရဲ့ဘဝလေးမို့မောင်ရဲ့မရှိမှပြည့်စုံမှာ

10/11/2017

Thursday, 25 May 2017
ရှာပုံတော် မင်းသား

ရှာပုံတော် မင်းသား

မောင်တို့အတူမပြောခဲ့တဲ့နေ့ရက်တွေ
မတွေ့ခင်ကြာမှာ အရမ်းကြားသွားခဲ့တယ်နော်
အကြောင်းအမျိုးမျိုးကြောင့်မပြောဖြစ်ပေမယ်
မောင်ရဲ့နှလုံးသားထဲမောင်စိတ်ထဲမှာ
ချစ်သက်တစ်ယောက်တည်းချစ်နေတယ်
ချစ်သူ......
နေရက်တိုင်းရှာနေခဲ့ရတယ်
နှစ်သစ်ကူးမှာပဲ အမစန္ဒာ အကူညီပေးမူကြောင့်
ချစ်ဆုံးလေးနဲ့ပြန်ဆုံဆည်းခွင့်ရခဲ့တယ်
မောင်ဘဝမှာ အပျော်ဆုံးနေ့ရက်လေးတွေ
ရှာပုံတော်မင်းသားကြီးအဖြစ်က
ခုတော့ ကင်းလွတ်သွားပြီး
သက်ဆုံးတိုင်မောင်တို့ထက်မဝေးရတော့ဘူးနော်
မောင်ချစ်ဇနီးလေး အရမ်းချစ်တယ် 

...25/5.2017..
နေ့မှမှတ်ဖြစ်. 
Wednesday, 22 March 2017
no image

စိတ်ရှုပ်တယ်

တခါတလေ. ဘာရယ်မဟုတ်ပေမယ်
စိတ်တွေ အရမ်းရှုပ်ထွေးလိုက်တာ
အရာရာက အတိုက်အခံနဲ့ ရှိသမျှ အားလေးနဲ့ အားတင်းထားရတယ် 
 
ဘာကြောင့်များ ခုလိုတွေပဲ ကြုံတွေးနေရလည်းကွာ


Saturday, 18 February 2017
မလိုသူမုန်းပါစေ

မလိုသူမုန်းပါစေ

ချစ်ဆုံး
မောင်တို့နှစ်ယောက်ကြားကသူတွေ
ဘယ်လိုပဲပြောပြော ဘာပဲပြောပြော
မောင့်ချစ်မြတ်နိုးတာ တန်ဖိုးထားတာ
ကိုတော့ ယုံကြည်ည်ပေးပါ
မောင်ဘဝမှာ အချစ်ဆုံး အမြတ်နိုးဆုံး
တစ်ယောက်ပဲရှိတာသေချာပါတယ်
အဒါ ချစ်သက် တစ်ယောက်တည်းပါပဲ
ကြားလူတွေ ချစ်သက်ကို လုပ်ကျန်ပြောတာ
မဟုတ်မမှန်ပြောကြတာတွေကို
 ချစ်သက်မယုံလိုက်ပါနဲ့နော်
မောင့်မကောင်းကြောင်းတွေမောင်ကတခြားသူနဲ့ပြောတာတွေပြောကြမှာပါ
ဝေးကွာအောင်အုပ်စုလိုက်ဝိုင်းပြီးအြောကြမယ်ဆိုတာမောင်စိတ်မှာအလိုလိုသိလာတယ်

မောင်ကအကြောင်းကို ချစ်သက်သိသလို
ချစ်သက်အကြောင်းကိုလည်းမောင်သိတယ်
မောင်အဲလိုလုပ်မဲ့သူမဟုတ်ပါဘူးး
ကိုယ်ချစ်သူပေါ်ဘယ်တော့မှသစ္စာမပျက်
သက်ဆုံးတိုင်ထိမောင်ချစ်ဆုံးက ချစ်သက် ပါ

မောင်ယုံကြည်တယ်ချစ်ဆုံး
စဉ်းစားတွေးခေါ်တက်တဲ့မောင်ချစ်သူ
လွယ်လွယ်နဲ့မယုံတက်ဘူးဆိုတာပေါ့

မောင်တို့နှစ်ယောက်အတူယုံပြည်ချက်တွေနဲ့
ဘဝကို ပန်းတိုင်ရောက်အောင်မောင်လျှောက်မယ်

ဘယ်တော့မှ လက်တွဲမဖြုတ်ဘူး သက်ဆုံးတူ
   အရမ်းချစ်တဲ့မောင်ချစ်သက် မွချိမွချိ

Breaking News
Loading...
Quick Message
Press Esc to close
Copyright © 2013 အညာမျက်ရည် All Right Reserved