စိတ်ပူတယ်
မောင့်ချစ်သူလေးရယ်.....ဘာမှ မသိရလို့ စိတ်အေးမယ်လို့...
မတွေးထားလိုက်ပါနဲ့နော်.....
ဘာဖြစ်မှန်းမသိတဲ့အသိစိတ်ရဲ့နောက်က
အတွေးတွေ. မမြင်နိုင်တဲ့အခြားတစ်ဖက်မှာ
ဘာတွေဖြစ်နေမလည်းဆိုတာကြီးက အရမ်းကို စိုးရိမ်မိတယ်ချစ်ရယ်....
အတွေးတွေနဲ့ ညတစ်ညတော့ မတွေးရတဲ့ ညတစ်ညပါအဖြစ်နဲ့ အချိန်တွေကို ကုန်ဆုံးရဖို့အတွက်မောင်ချစ်သူလေး
မောင်ကြိုးစားနေရမှာပါ. ညတစ်ညရဲ့
ဆုတောင်းသံတွေက မိုးထက်ယံမှာကြယ်လေးတွေထက်များပြားနေမှာပါ ချစ်သူ
မောင့်ချစ်သက်လေး ဘာမှမဖြစ်ပါစေနဲ့. ဆိုတဲ့ဆုခြွေသံနဲ့အတူ မောင့်ချစ်သက်အနားကနေ ရှိနေမယ်နော်
10.2.2016



