မိတ်ဆွေ
အားလုံးပဲမင်္ဂလာပါ
အညာ အားမာန်
အောင်မြင်မှူ့ တခုရဖို့ ကျရှုံးမှူ့ တွေနဲ့ ရင်းနီးရတယ် အလှအပရဖို့ မလှပတဲ့ အရာတွေနဲ့ ရင်းနီးရတယ်
Recent Post
Sunday, 30 June 2013
ကျေးဇူးပါမေမေ
ကျေးဇူးပါမေမေ
မေမေကို   သားကျေးဇူးအရမ်း    တင်ပါတယ်
လောကကြီးထဲကို   တွဲခေါ်လာတဲ့    အတွက်ပေါ့ .......
ဖဝါးလက်နှစ်လုံး   ပခုန်းလက်နှစ်ဘက်  ကတည်းက
လူလာမြောက်လာသည်တိုင်အောင်   အခုချိန်ထိ
ကျွေးမွေးခဲ့ တဲ့   ဒို့ မေမေ
ဒါတင်မက  လောကကြီးရဲ့    အကြောင်း
သိလာအောင်သင်ကြားပေးခဲ့ တဲ့   မေမေ
အသိပညာ   အတက်ပညာ    ဆုံဖြတ်နိုင်တဲ့  
ဆုံဖြတ်ချက်တွေ    သင်ကြားပေးတဲ့   မေမေ
သား   မေမေရဲ့ ကျေးဇူးကို   ဘယ်တော့ မှမမေ့ ပါဘူး
သားမေမေကို  ဘယ်သောအခါမှ  မမေ့ ဘူး 
မေမေလည်း  သားကို မမေ့ ဘူးဆိုတာသားယုံတယ်
မေမေသားလမ်းလျှောက်တာတွေများ  မှားနေတယ်ဆိုရင်
သားကြားအောင်မေမေဆုံမပါ   ပြောကြားပါ
သားလူလိမ္မာတစ်ယောက်ဖြစ်အောင်  အမြဲနေထိုင်လျှက်ပါ
မေမေကျေးဇူးကို  တက်နိုင်သလောက် ကြေအောင်ဆပ်မယ် 
မေမေကျေးဇူးဘယ်တော့ မှမမေ့ ဘူးနော် 
သားကိုယုံကြည်ပါမေမေ
                               ချစ်သော  
                                             သား...
Tuesday, 25 June 2013
no image
ဘဝ တကွေ့ 
သြော်......................ဘဝဆိုတာကလည်း   
ငါကိုယ်တိုင်ပဲ      စိတ်ကုန်လာပါလား
လူတွေအမျာအပြားကတော့ ပြောကြတတယ်
လူဘဝဆိုတာကရခဲ့ မျှတဲ့ .................?
လူအဆင့် အတန်းမှာ      နေထိုင်နိုင်သူတွေ
အတွက်ကတော့     ဘဝဆိုတာက   ရခဲ့ မျှပေါ့ လေ
အဖေဝေး   အမေဝေးနဲ့     ဘဝဆိုတာက ဖြတ်သန်းရတာ
အတောင်တွေလည်း    ညောင်းလာပါပြီး
အချိန်နဲ့ လုပ်     အချိန်နဲ့ စား     အချိန်နဲ့ နားနေရတဲ့ 
ဘဝတူ     ကိုရွှေမြန်မာတို့     စိတ်ရဲ့ ခံစားမူ့ တွေကို
မျိုသိမ့် ရင်းနဲ့   ရင်ထဲမှာမခံချင်လှပေမဲ့ 
မလှန်နိုင်ငုံကာခံရင်နဲ့     လူပေါင်းများစွာ
ဘဝတွေပါ     ပေးစပ်ခဲ့ ရလေပြီး..................။။။
ကြိုးစားမူ့ အတွက်   အောင်မြင်ခြင်း
ကြိုးစားမူ့ အတွက် အောင်မြင်ခြင်း
ကံသည်အလုပ်     အလုပ်လည်းကံဖြစ်တယ်
အဲကြောင့် အလုပ်ကိုယုံပါ     အလုပ်ယုံမှကံကောင်းမည်
ဒါကြောင့် အလုပ်ကို    ငါယုံတယ် တစ်နေ့ အောင်မြင်း
ချင်သူတစ်ယောက်အတွက်    အောင်မြင်ချင်းတွေက     
လက်တကန်းမှာပါပဲရှိနေပါတယ်      စိတ်ဓာတ်က    
အင်းအားတစ်ခုပါပဲ   ဘာမဆိုစိတ်ကဦးဆောင်နိုင်တယ်   
ဒီအလုပ်ကို   ငါဘယ်လိုလုပ်ရင်ဖြစ်တယ်   ငါလုပ်ရင်ရတယ်
ဆိုတဲ့ စိတ်ရှိနေတဲ့ သူက     ဘယ်လောက်ကြီးကြီးနေပါစေ
အောင်မြင်မှာသေချာပါတယ်   တချို့ က  အလုပ်ကိုမလုပ်ရသေးဘူး
ငါလုပ်လို့ မရလောက်ပါဘူး    မဖြစ်လောက်ပါဘူးလို့    ပြောနေတဲ့ 
သူတွေက   ဘယ်တော့ မှလည်း    အောင်မြင်မှာမဟုတ်ပါဘူး 
သူကိုယ်တိုင်လည်း    အောင်မြင်ထားတာ   ဘာတစ်ခုမှလည်းရှိမှာ
မဟုတ်ဘူးဆိုတာသေချာမလွဲပါပဲ     ဘယ်သူမဆို
စိတ်ဓာတ်ကို   ခိုင်ခိုင်မာမာချပါ     ဘယ်အလုပ်မဆို     ကြိုးစားမူ့ အတွက်
အောင်မြင်မူ့ က   မင်းအတွက်  လက်တကန်းမှာရှိနေတယ်    ဆိုတာ
မမေ့ ပါနဲ့   သူငယ်ချင်းမိတ်ဆွေများ 
ဝေးကွာခြင်း
ဝေးကွာခြင်း
ဝေးကွာနေတဲ့     ချစ်သူနှစ်ယောက်အတွက်
 တစ်ယောက်ကို  တစ်ယောက်   မတွေ့ ရပေမဲ့ 
ရင်ထည်မှာရှိတဲ့    သံယောဇဉ်တွေက
ဘယ်တော့ မှ    အရောင်ပြောင်းမသွားပါဘူး
ချစ်သူ.........အချစ်=အချစ်
Sunday, 16 June 2013
ကိုကိုတိုင်းကြိုးစားပါ
ကိုကိုတိုင်းကြိုးစားပါ
ကိုယ့် အလုပ်ကို  ယုံကြည်ပါ
ကိုယ့် အလုပ်ကို   ဇွဲရှိပါ.....
ကိုယ့် အလုပ်ကို    လေးစားပါ 
အလုပ်က  ကိုယ့် ကို  ဂုဏ်မြင့် တင်ပေးပါလိပ့် မယ်........
Monday, 8 April 2013
Tuesday, 5 February 2013
ဖေဖေါ်ဝါရီ (13)
ဖေဖေါ်ဝါရီ (13)
ချစ်သူများနေ့
ချစ်သူများနေ့တဲ့လား
လာမဲ့ ဖေဖေါ်ဝါရီ ၁၄ရက်
''ချစ်သူများနေ့'' တဲ့လား
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ ..
ချောကလက်လေးတွေ၊
... တွေ၊ .... တွေ
ဟိုက သည်က
အများကြီး အများကြီး ..
ရနေသလား ...
လူငယ်တွေလဲ ... အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ ... ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေကလဲ ဗရုပ်ဘယက်၊
အော် ...
တကယ်တော့ ...
ဖေဖော်ဝါ၇ီလ 14 ၇က်နေ့ ဟာ...
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ ...
'ကလောဒီယပ်စ်' ဆိုတဲ့
သဘော   မကြီးမြတ်တဲ့   ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို   လစ်လျူသွေဖည်ပြီး
ချစ်သူတွေကို  တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က    Saint Valentinus ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ ..
နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ ....
သူတို့ဟာသူတို့
ဂုဏ်ပြုရင်ပြုပါစေ ...
တို့တွေနဲ့ အဝေးကြီးပါကွယ် ...
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၄နှစ်ကာလက
နွေအကူး ...
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ ....
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ ....
'ထိန်လင်း' ဆိုတဲ့
ကလေးငယ်ကလေး ...
ဟိုး အညာက   နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်
သူက ...
စာပေကိုချစ်တယ်
အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး ...
တို့တိုင်းပြည်ကို ချစ်တယ်....
ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ....
နောက်ဆုံး ...
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ  ယူမသွားရှာလေတဲ့ ....ဗိုလ်ချုပ်
ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ ...
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်
'ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား ...'
ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး ...
အခုတော့ ဘယ်မှာလဲ
ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက  သူတော်စင်ကို
သူတို့ဟာသူတို့  ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့     'ဗယ်လင်တိုင်းနေ့  '      ဆိုတာထက် ..
အဲဒီနေ့မတိုင်ခင်    တနေ့ဟာ
တို့တွေအတွက် ..
ပိုပြီး    လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပာယ်ရှိတဲ့    ဗိုလ်ချုပ်ရဲ့ မွေးနေ့ ပေါ့   သူငယ်ချင်းတို့ ၇ယ်...
အခုခေတ် မြန်မာပြည်က လူငယ်အများစုဟာ ဖခင်ဗိုလ်ချုပ်ကို မေ့နေကြပါပြီ ... မဟုတ်တဲ့ ဗယ်လင်တိုင်းနေ့ဆိုတာကို ...လူငယ်တွေရင်ထဲေ၇ာက်နေပြီး
သူတို့ ရင်ခုန်နေကြတယ် ...
ကျနော်လည်း မြင်တိုင်းရင်နာရပါတယ်။
__________________
လေပြင်းတွေ လာခြွေလို့ သေမင်းစီ ငါကြွေလွင့်သွားရင်တောင် .. ကဗျာတွေ စုပ်ခဲ့တဲ့ ငါ့နှုတ်ခမ်းနဲ့ ကမ္ဘာမြေကို နှုတ်ဆက်နမ်းခဲ့မယ် ....
                                                                                                                                     ***ဏိုင်လဃ်း***
Thursday, 24 January 2013
no image
မေမေ ကျေးဇူး
မေမေ…
သိပ်ကိုကျေးဇူးတင်ပါတယ်…
သားကို   သတ္တိရှိရှိမွေးထုတ်ရင် 
ဖ၀ါးလက်နှစ်လုံး   ပခုံးလက်နှစ်သစ်ကစပြီး
အရွယ်ရောက်ပြီး   လူလားမြောက်တဲ့အထိ
ဂရုဏာတွေပေး   အကြင်နာအေးအရိပ်နဲ့
ချွေးသိပ်ပေးခဲ့တဲ့ …. မေမေ…
 နှိုင်းဆမရ  မေမေ့ မေတ္တာက
လိုချင်မှုကင်း   နှောင်ကြိုးရှင်းတယ်…
မေမေရယ်….
.
ဒီလောကပေါ်ခြေချနင်းတော့
ပတ်ဝန်းကျင်က  ထိုးနှက်   ကြင်နာသူကရက်စက်
မျက်ရည်တွေ   ပိုးစိုးပက်စက်ကျခဲ့ရလည်း..
လောကဓံကို   ကျန့် ကျန့် ခံလို့ 
အရုံးမပေးတဲ့   မေမေ...........
ညှာတာမှုဆိုတာ  အလျှဉ်းမရခဲ့ပါဘူး.
သားပြန်လာတိုင်း. .ဆီးကြိုလို့
ညစာအတွက်    မပျက်မကွက် ပြင်ပေးခဲ့တယ်
သူစိမ်းတယောက်ရဲ့ 
ချစ်ခြင်း  မေတ္တာတွေနဲ့ 
ယှဉ်စရာရှိလာကာမှ..
မေမေ့မေတ္တာ   တန်ဖိုးကြီးမှန်း သိလာတယ်..
မေမေနဲ့အတူ..
၂၄ နာရီပြည့်အောင်  မနေခဲ့မိတာ
တော်တော်ကြာနေပါပြီ.....
မေမေရယ်……. 
မေမေကသာ သားအတွက်..
အများကြီး  ပြင်ဆင်တည်ဆောက်ခဲ့တာပါ
သားကတော့   မေမေကိုအမောပြေဖို့ 
ဝေးတမြေကနေပြီးတော့ 
ကိုယ်တိုင်   ကိုကျလုပ်ကျွေးခွင့် လေ
မရသေး လို့    ခွင့် လွှတ်ပေးပါ
မေမေရယ်...............
အမေ့ကို အမောပြေဖို့..
ရေတစ်ခွက်တောင် ခပ်မတိုက်နိုင်သော်လည်း…
ရောက်တဲ့ အရပ်က  နေပြီးတော့ 
နေ့ စဉ်   ညတိုင်း
ရှစ်ခိုးမြဲပါ
သြော်… မေမေရယ်….
ငါးဆယ်ကျော် ခြောက်ဆယ်နင်းလို့..
မေမေ့မျက်နှာမှာ..
အရေးတင်တယ်   အရိုးဖြစ်ပါစေ
အသံတွေတုံ    ခါကိုင်ပါစေ
မေမေရုပ်ရည်ကတော့ 
သားမျက်စိထဲမှာ   အမြဲလှပနေမှာပါ
 စိတ်ချပါမေမေရယ်..
သားလေ
ကေဒါရကျေးမင်းလို ကြွေးသစ်မချနိုင်ရင်တောင်
အခုဘဝမှာ   မေမေရဲ့ 
မွေးကျေးဇူးကိုတော
ပေးစပ်ချင်တဲ့    သားပါ
မေမေရယ်.....................
Breaking News
Loading...
Quick Message
Press Esc to close
Copyright © 2013 အညာမျက်ရည် All Right Reserved