မိတ်ဆွေ

အားလုံးပဲမင်္ဂလာပါ

အညာ အားမာန်

အောင်မြင်မှူ့ တခုရဖို့ ကျရှုံးမှူ့ တွေနဲ့ ရင်းနီးရတယ် အလှအပရဖို့ မလှပတဲ့ အရာတွေနဲ့ ရင်းနီးရတယ်

Recent Post

Showing posts with label အို.....သခင်. Show all posts
Showing posts with label အို.....သခင်. Show all posts
Friday, 6 February 2015
အို.....သခင်

အို.....သခင်

အို.....သခင်
ငါ့ နို့ ရည်ကိုသောက်ပြီး
ငါ့ ကိုမိခင်အဖြစ် သဘောမထားနိုင်ဘူးလား

အို.....သခင်
ငါပင်ပင်ပန်းပန်းရှာကျွေးတာကိုစား
ငါ့ ကိုဖခင်အဖြစ် သဘောမထားနိုင်ဘူးလား

အို......သခင်
ဘီးတွေကိုတက် ငါတို့ ခရီးအတူထွက်ခဲ့ ကြတာ
ငါ့ ကိုခရီးသွားဖော်အဖြစ် သဘောမထားနိုင်ဘူးလား

အို.......သခင်
ငါ့ အသက်ကိုသတ် ငါ့အသားကိုစား
ငါ့ သွေးကိုသောက် ငါ့အရေကိုနေလှန်းပြီး
ပိုတာကိုအကုန်ရောင်း ငါ့တကိုယ်လုံး မစင်ပါမကျန်ရလေအောင်
သခင်တို့အကျိုးအတွက် ဆောင်ကျ ဉ်းခဲ့ ကြတယ်နော်...

အို.....သခင်ရယ်
ငါ့ ဘဝနေဝင်ခါနီးမှာ စကားလေးတခွန်းသာ 
ပြောခွင့် ရမယ်ဆိုရင်
သခင်အတွက်   ဘယ်လိုအချက်အလက်လေးများ
အပြစ်ဖွဲ့ မိခဲ့ လေသလဲလို့ ပဲ
မျက်ရည်စတွေနဲ့   မေးခဲ့ ပါရစေကွယ်.....

myatsushine sayardaw
Breaking News
Loading...
Quick Message
Press Esc to close
Copyright © 2013 အညာမျက်ရည် All Right Reserved