မိတ်ဆွေ

အားလုံးပဲမင်္ဂလာပါ

အညာ အားမာန်

အောင်မြင်မှူ့ တခုရဖို့ ကျရှုံးမှူ့ တွေနဲ့ ရင်းနီးရတယ် အလှအပရဖို့ မလှပတဲ့ အရာတွေနဲ့ ရင်းနီးရတယ်

Recent Post

Wednesday, 16 December 2015
ချစ်သူအသံ

ချစ်သူအသံ

ချစ်သူ

အသံလေးကြားလိုက်ရလို့.....
ပူပင်စိတ်တွေလျှော့ကြစေခဲ့တယ်......

ချစ်သူ....အသံလေးကြားလိုက်ရလို့....
သောကစိတ်တွေလျှော့ကြစေခဲ့တယ်....

ချစ်သူ....အသံလေးကြားလိုက်ရလို့....
စိုးရိမ်းစိတ်တွေလျှော့ကြစေခဲ့တယ်....

ချစ်သူ...အသံလေးကြားလိုက်ရလို့.....
အရာအားလုံးပြီးပြည့်စုံသွားသလို
ခံစားလိုက်ရတယ်.....

ချစ်သူ...မတွေ့ဖြစ်လိုက်တဲ့ နှစ်ရက်တာအတိုင်းတားလေးဆိုပေမယ့်  နေ့ရက်တိုင်းတွေ့နေကြမို့နေမထိ ထိုင်မသာ
မောင့်ရဲ့စိတ်တွေ လှုပ်ရှားနေစေခဲ့တယ် 
တစ်ရက်လေးမပြောနဲ့ နာရီပိုင်းလေးခြားသွားပြီးဆိုရင်တောင် အလွမ်းဆိုတဲ့ အတောင်းပံတစ်စုံရယ် 
ဘာများဖြစ်နေလည်းဆိုတဲ့ ပူပင်စိတ်လေးတွေက အမြဲလိုလို ဝင်ရောက်လာတက်ကြတယ် 
အဲလိုဝင်ရောက်လာတဲ့ နာရီပိုင်လေးမှာတောင်
သေလောက်အောင်ခံစားရတယ် ပူပင်မိတယ် ချစ်သူရယ် ........အရမ်းချစ်မြတ်နိုးတယ် 

                           17.12.2015

Tuesday, 15 December 2015
လွမ်း

လွမ်း

ချစ်သူ
ဘယ်လိုမှနေလို့မရတဲ့မောင့်ကိုမြင်လှည့်စေချင်တယ် ချစ်သူရယ်

ဘယ်လိုနေလည်းမသိ.   သက်သာရဲ့လားမေးစရာမရှိ.  အတည်ကျန်နေသလို့ဖြစ်နေတဲ့မောင့်ကို
ရင်ထဲမှာလည်း ဗလောဆူနေပြီလေ......

ချစ်သူနဲ့ပြောနေ့ကြအချိန်.   ချစ်သူနဲ့တွေ့နေကြအချိန်တွေမှာ  မောင်ပိုပြီတော့ အတည်ကျန်နေစေခဲ့တယ်

ဘယ်ချိန်ကမှ ခုလောက်ထိမခွဲဘူးးး မနေဘူးတဲ့မောင်. ချစ်သူနဲ့မတွေ့ရတဲ့နေ့ရက်တိုင်းဟာမောင်အတွက်  ဘာမှ အဓိပါယ်မရှိသလိုပါပဲ. 

အကြိမ်ကြိမ် အခါခါဆုတောင်းနေမိတာကမောင့်ချစ်သူလေးသက်နေအ့မြန်ပြန်ကောင်းလာစေဖို့ဆိုတဲ့ ဆုလေးကိုတော့  မရေးမတွက်နိုင်အောင်. ဆုတောင်းနေခဲ့မိတယ်........

ချစ်သူလာမဲ့အချိန်ကိုစောင့်မျှော်ရင်းနဲ့
အချိန်တွေကို အလွမ်းတွေနဲ့ စိုရိမ်းစိတ်တွေနဲ့
မောင်ကုစားရင်. စောင့်မျှော်နေမိခဲ့တယ်ချစ်ရယ်......
                                            15.12.2015

Sunday, 13 December 2015
သက်ပျင်းလေးတခါ

သက်ပျင်းလေးတခါ

ချစ်သူ

မောင်လေ. ဖုန်းကိုလော့ဖွင့်ပြီးမောင့်ချစ်သူကို
လွမ်းတဲ့စိတ်နဲ့. ဖုန်းခေါ်ရမလား. မခေါ်ရမလား
ငေးကြည့်နေမိတယ် ချစ်သူ.....
ခုလိုပြောမိလို့ စိတ်မဆိုးလိုက်ပါနဲ့
မောင်ရင်ထဲကတကယ်စိုးရိမ်စိတ်တွေနဲ့အတူ
တွေ့ချင်တဲ့စိတ်ကပါရောနေပြီးတော့နေတာပါ
မခေါ်ရဘူးလား.....ဆိုတဲ့စိတ်က အရမ်းကျယ်ဝန်ပါတယ်...
အတွေးတွေက အရာအားလုံးကို စိုးရိမ်နေမိတာပါ.....ဖုန်းကိုမကြည့်နိုင်ပဲကြည့်ပြီးတက်လာမှာနေရတာမကောင်းတဲ့ကြားက ပိုစိုးသွားမှာကိုမောင်အရမ်းစိုးရိမ်တယ်.......
ခေါ်ရမလား.....ဆိုတဲ့စိတ်က မတွေ့လိုက်ရတာ တဒင်္ဂအတွင်းမှာ. အလွမ်းဆိုတဲ့ဒဏ်ရာကြီးကို
အလိုလိုမခေါ်ပါပဲ ရောက်လာတယ်ချစ်သူ
အဲဒီအလွမ်းဆိုတာကြီးကိုပြန်နှင်လွှတ်ဖို့ ချစ်သူလေးမှ တပါး. ဘယ်သူကမှ မစွမ်းဆောင်နိုင်ဘူးချစ်သူ.......
အဲဒီစိတ်နှစ်ခုနဲ့အတူမောင်ဖုန်းကိုငေးကြည့်နေမိရင်  သက်ပျင်းလေးတခါ  ခိုးပြီးချလိုက်မိတယ်  ချစ်သူရယ်

                            13.12.2015

Thursday, 10 December 2015
တိတ်စိတ်တဲ့ည

တိတ်စိတ်တဲ့ည

အလွမ်းတွေက မခေါ်ပါပဲ. ဘယ်ကရောက်လာကြတာလည်း....
စိတ်ပူမူ့တွေနဲ့ အတူ တိတ်စိတ်စွာ.....
ချစ်လာမယ် အချိန်ကိုစောင့်ဆိုင်းနေမိတယ်ချစ်ရယ်...
စိတ်ပူလွန်းလို့မေးဖို့ဆိုတာက ...ဒီချိန်ဘယ်သူမှ အနားမရှိနေဘူးလေ..
တစ်ယောက်တည်းပဲ ရင်မောစွာ  စောင့်ဆိုင်းနေခဲ့မိတယ်.....
ဒီလိုစောင့်နေချိန်တွေမှာ......
ဘာကိုမှ မတွေးတောမိ. ဘာကိုမှ မသိချင်ဘူး
သိချင်ဆုံးတစ်ခုက....မောင့်ချစ်သူလေး. သက်သာရဲ့လား...ဘယ်လိုခံစားနေရတယ်ဆ်ြတာကို. မျှဝေခံစားချင်တာပါ...
ဒီလိုညတွေမှာ. အချိန်ကပိုပြီကြာနေစေတယ်
အမြတ်နိုးဆုံး  ချစ်မြတ်နိုးတယ်

                                             11.12.2015

Monday, 7 December 2015
မင်းမရှိတဲ့ည

မင်းမရှိတဲ့ည

ချစ်သူ......
မင်းမရှိတဲ့ည..မိုးချုပ်ချိန်အတည်ကျန်လွန်းတယ်....

မင်းမရှိတဲ့ည.....အချိန်တွေကြာစေနိုင်တယ်..

မင်းမရှိတဲ့ည....အလွမ်းတွေ မကုန်နိုင်တယ်...

မင်းမရှိတဲ့ည...ညအမဲမှောင် ပိုမှောင်နေတယ်..

မင်းမရှိတဲ့ည....စကားတွေ နည်းစေခဲ့တယ်...

မင်းမရှိတဲ့ည....အလွမ်းတွေ တိုးစေခဲ့တယ်...

မင်းမရှိတဲ့ည...ငါ့မျက်စိတွေ ကျယ်နေခဲ့တယ်..

မင်းမရှိတဲ့ည...လမင်းကြီးကိုငေးကြည့်နေခဲ့တယ်....

မင်းမရှိတဲ့ည....တိုးတိတ်စွာ ဆုတောင်းနေခဲ့
                        တယ်

မင်းမရှိတဲ့ည....ငါချစ်မြတ်နိုးတဲ့ချစ်သူလေး
                       ခံစားနေရတာတွေ  ပိန်းကြာရွက်ရေမတင်သကဲ့သို့ဝေဒနာအားလုံး
ပျောက်ကင်းစွာကြည်လင်လန်းစမ်းတဲ့မျက်နာလေးထာဝရပိုင်ဆိုင်ပါစေချစ်သူ....

                                           8.12.2015
Wednesday, 18 November 2015
တန်ဖိုး

တန်ဖိုး

မောင့်ချစ်သူ.....
အခြေနေတွေ ခက်ခဲတဲ့ကြားက
မရရအောင်  လုပ်ဆောင်ခဲ့တယ်
မောင်အရမ်းမြတ်နိုး တန်ဖိုးထားလိုက်တာ
ဖုန်းလိုင်းတွေမမိတဲ့ကြားက  ဆက်သွယ်လို့
ရအောင် ဖန်တီးခဲ့တယ်မောင့်ချစ်သူလေး
တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားရင်
ထာဝရအတူ မခွဲ အမြဲတမ်းမောင့်တို့ ချစ်လက် 
ခိုင်ခိုင်တွဲ့ထားပြီး...ချစ်မြတ်နိုးတန်ဖိုးထားချစ်နေကြမယ်နော်မောင့်အပေါ်ထားတဲ့ချစ်သူရဲ့ ချစ်ခြင်းတွေက အတိုင်းထက်အလွန်းများပြား
တယ်ဆိုတာ....မောင်ယုံကြည်ပါတယ်ချစ်သူ
ဘယ်လိုအကြောင်းကြောင့်မှ မဝေးဘူးဆိုတာ
မောင့်ချစ်သူလေးလည်းယုံကြည်ထားလိုက်ပါ
ရမ်းချစ်တယ်ချစ်သူလေးသက်
                         ထာဝရ
                                     တန်ဖိုး
                                             18.11.2015
                                               ဗုဒ္ဓဟူးနေ့


Sunday, 8 November 2015
မဲဆန္ဒရှင် မောင့်ချစ်သူ

မဲဆန္ဒရှင် မောင့်ချစ်သူ

ချစ်သူ.....
တာဝန်ကြေသွားပါပြီးနော် ...
နိုင်ငံအတွက်ကောင်းကြိုးဆောင်ခဲ့တဲ့လက်...

နောင်လာနောင်သားတွေအတွက်ကောင်းကြိုးကိုဆောင်းခဲ့တဲ့လက်......

ပြည်သူတစ်ယောက်တာဝန်းကိုကောင်းစွာဆုံးဖြတ်ခဲ့တဲ့လက်.....

ဝန်ထမ်းဖြစ်နေပေမယ့်  ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကိုယ်တိုင် အသိဥာဏ်နဲ့ ကောင်းမွန်စွာ မဲပေးခဲ့တဲ့လက်....

ချစ်သူလက်ရွှေလက်ထက်မြင့်မြတ်တယ်

ချစ်သူလက် စိန်ထက်အဆပေါင်းများစွာ တန်ဖိုးထားတယ်.....

မောင်ဘဝအတွက် အတိုင်းထက်အလွန် ချစ်မြတ်နိုးတန်ဖိုးထားတယ်....

NLD ကိုမဲ့ပေးခဲ့တဲ့မောင့်ချစ်သူလေးရဲ့လက် 

 သမ္မတရွေးကောက်ပွဲ 8.11.2015

Saturday, 7 November 2015
ရွေးကောက်ပွဲည

ရွေးကောက်ပွဲည

ချစ်သူ.......8.11.2015
ဒီနေ့ကရွေးကောက်ပွဲညလေနော်...
လူတိုင်းလိုကတော့. ဘယ်သူနိုင်မယ်ဆိုတာကို
စိတ်ဝင်တစားဖြစ်နေကြမှာအမှန်ပဲ

တချို့တစ်နယ်တကျေးရောက်နေကြတဲ့သူတွေ
မဲပေးဖို့ မိမိအိမ်ကိုပြန်နေကျတဲ့ချိန်ပေါ့

လူတိုင်းလိုလိုကတော့ 8/11/2015 ဆိုတဲ့
နေ့လေးကိုတော့ အမှတ်ရနေကြမှာ 
မရောက်ခင်အကြို ရင်တွေခုန်းနေကြမှာ

သူများတွေနဲ့အတုမောင်တို့ ချစ်သူနှစ်ဦးလည်း
ဒီနေ့လေးမှာ အမှတ်တရတွေနဲ့ 

သူများတွေလိုတော့ ရင်ခုန်ရမဲ့အဖြစ်မျိုး
မဟုတ်ပေမယ့် အမှတ်တရတော့ ရှိခဲ့တာပဲ
  

                    8/11/2015
Saturday, 24 October 2015
ချစ်တယ်

ချစ်တယ်

အရမ်းချစ်မြတ်နိုးတယ်.   မောင်ချစ်သူလေးရယ်
မောင်တို့နှစ်ယောက်ကြား ဘယ်သူဖျက်ဖျက်
မပျက်ပြယ်တဲ့ ခိုင်မာတဲ့အချစ်တွေ တည်ဆောက်ထားတယ်ဆိုတာ. သူတို့တချိန်ချိန် သိလာကြမှာပါ ချစ်သူ
:-):-):-). 23/10/2015

Thursday, 1 October 2015
ပထမဆုံး

ပထမဆုံး

ပထမဆုံးသောအပျော်. ပထမဆုံးသောကြည်နူးမူ့ ပထမဆုံးသော
ရင်ခုန်ဖူးသူဆီက လက်ဆောင်လေးလက်ခံရရှိ
တာ အတိုင်းမသိကိုကြည်နူးဝမ်းသာတယ်
ချစ်သူါ23.9.2015. ချစ်သူကိုယ်စားလေး  အရမ်းချစ်တယ်

Tuesday, 22 September 2015
အလွမ်းတဲ့

အလွမ်းတဲ့

အလွမ်းဆိုတဲ့ စကားလုံးလေးနှစ်လုံးတည်းပါ
ဒါမဲ့ အဓိပ္ပါယ်က အကျယ်ကြီး. အများကြီး
အရာရာတိုင်းကို လွမ်းတက်ဆွေးတက်နေတဲ့
နှလုံးသာလေးရှိနေသမျှ လွမ်းနေရမှာ
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်
မလွမ်းတက် မဆွေးတက်တဲ့ 
ဟို.......အဝေးကကြယ်လေးတပွင့်ဖြစ်ပါရစေ
လမင်းကြီးလောက်. အလင်းရောင်တွေ
မရှိပေမယ့်  တက်နိုင်တဲ့အလင်းရောင်ကလေး
နဲ့ မင်းအတွက် လမ်းပြပေးမယ်သူဖြစ်ချင်တယ်
လမင်းကြီးလောက် လူတကာကို လမ်းပြမပေး
နိုင်ပေးမယ်...ငါချစ်တဲ့မင်းကိုတော့
ခလုတ်မထိ ဆူးမငြီ့အောင် လမ်းပြပေး
ချင်တယ်
လမင်းကြီးလောက် မအေးချမ်းပေမယ်
မင်းအပူပင်တွေရှိတဲ့အခါ လမင်းကြီးထက်
အေးမြတဲ့အအေးတက်လေး ငါချစ်တဲ့မင်းကို
အမြဲတမ်းပေးနေချင်တယ်ချစ်သူ
အရမ်းချစ်တယ် ချစ်သူ

Tuesday, 11 August 2015
ကျောက်သဲ ပမာ

ကျောက်သဲ ပမာ

ခိုင်မြဲ့ပါတယ်ဆိုတဲ့ ကျောက်ရုပ်ကြီးတောင်မှ. လူတကာက စမ်းသတ်ချင်နဲ့ လှုပ်ခတ်ကြည့်တဲ့အခါ. အချိန်တန်လားတော့ ည်းမြေကြီးကမလွှတ်
သူဘာသာ လှုပ်နဲ ရပြီလေးးး လောကဓံရဲ့ လှည့်စားမူ့တွေများလားကွယ်.....သိပ်ချစ်ရပါသည်
Monday, 13 July 2015
တနေ့နေ့

တနေ့နေ့

တနေ့နေ့တဲ့ ခုပုံထဲမှာပါနေတဲစာလေးတွေကိုဖတ်ရင်. စိတ်ထဲမှာ တခုခုလိုလို ခံစားလိုက်ရတယ်
ဘာဆိုတာအတိကျမပြောပြနိုင်ပေမဲ့
ကျနော်သိတာကတော့ရှေ့ဆက်လျှောက်နေသရွေ့  အိပ်မက် ကိုတော့ရဲရဲကြီးမက်ချင်မိတယ်
အိပ်မက်ကိုမှ အကောင်အထည်ဖော်
ချင်မိတယ်....
အိပ်မက်ရှိမှ အကောင်အထည်ဖော်လို့ရမယ်
သေချာတာကတော့ ကျနော်ရဲရဲကြီးဆက်လျှောက်မယ်
အရမ်းချစ်နေမိလို့ပါ

Saturday, 4 July 2015
လေပြေ

လေပြေ

လေပြေတစ်ချက် တခါတခါ ခံစားမိပါတယ်
အဲလိုခံစားနေချိန်တိုင်း.    အမှတ်မထင်
တခါတခါကြတော့လေကြမ်းဝင်တိုက်ခိုက်ပြန်တယ်
အဲသလို. တိုက်ခိုက်လိုက်တဲ့အချိန်တိုင်း
အဂိုအတိုင်း ပြန်တည့်ဖို့ကို
အမြစ်ပါ မရိန်းရိုင်အောင် ရှိသမျှအားနဲ့
မြေကြီးကိုပဲ တွယ်ကပ်မိတယ်......//

Saturday, 27 June 2015
အချစ်သင်္ကေတ

အချစ်သင်္ကေတ

28.6.2015    
မေ့ပျောက်မှာမို့ ချရေးတယ်မထင်နဲ့
တခါတခါ အမှတ်တရလေးတွေ
သိမ်းထားချင်တယ်
မေ့ပျောက်လိမ့်မယ်မထင်ပါနဲ့
သည်မောင့်အသည်း ဆွဲထင်နေတယ်
မေ့ပျောက်လိမ့်မယ် မထင်ပါနဲ့ အရာအားလုံး
မှတ်မိနေတယ်


Saturday, 28 February 2015
မိုးသက်နိုင် (2014) Album လရောင်အောက်က  ပြာသိုနှင်း

မိုးသက်နိုင် (2014) Album လရောင်အောက်က ပြာသိုနှင်း

မိုးသက်နိုင်
 ကြိုက်နှစ်သက်တဲ့  သူငယ်ချင်းများအတွက်ပါ
ရောက်လာသူတွေပေါ့လေ...........
ပြန်လယ်မျှဝေခြင်းဖြစ်ပါသည်
အလယ်ရောက်လာသူ ကြိုက်နှစ်သက်က ဒေါင်းသွားနော်..
ခက်အေးအေးလေတွေ  ကောင်းပါတယ်
မိုးသက်နိုင်ရဲ့  2014 (album) လရောင်အောက်က  ပြာသိုနှင်း

ဒေါင်းရန်လင့်  နိပ့်ပါ.>>>>>>>http://pc.cd/9w57
Sunday, 15 February 2015
တချို့ သောသူတွေက......

တချို့ သောသူတွေက......

တချို့ သော လူ
တချို့ သောသူတွေက ပျော်နေတယ်..
တချို့ သောသူတွေက  အသက်ကိုလုနေရတယ်
တချို့ သောသူတွေက  ရယ်နေကျတယ်..
တချို့ သောသူတွေက  ရင်နှစ်အောင်ဝမ်းနည်းနေကြတယ်
တချို့ သော သူတွေက  အစာဝဝစားနေကြတယ်..
တချို့ သောသူတွေက တိုင်းပြည်အတွက် ထမင်းချန်းခဲ တောင်စားဖို့  မသေချာဘူး
တချို့ သောသူတွေက မွှေ့ ယာပေါ်မှာဇိမ်ကျကျ  အိပ်စက်နေချိန်မှာ...
တချို့ သောသူတွေက  မြေကြီးပေါ်မှာ အိပ်ဖို့ အချိန်တောင်မရကြဘူး....
တချို့ သောသူတွေအတွက်  ရင်မှာဖြစ်ပေါ်လာသောခံစားချက်ကို
ချရေးမိတယ်.....ဝမ်းနည်းစွာပဲ  မှတ်တမ်းတင်အပ်ပါသည်.....၁၅.၂.၂၀၁၅
 
Friday, 6 February 2015
မြင်အောင်ကြည့် ပါ..ထင်ယောင်မမိပါနဲ့ 

မြင်အောင်ကြည့် ပါ..ထင်ယောင်မမိပါနဲ့ 

မြင်အောင်ကြည့် ပါ...ထင်ယောင်မမိပါစေနဲ့ 
သိအောင်တွေးပါ...ထိအောင်မတွေးပါနဲ့ 

မှန်အောင်ပြောပါ..ကြံဆောင်မပြောပါနဲ့ 
ကောင်းအောင်လုပ်ပါ...စောင်းအောင်မလုပ်ပါနဲ့ 

ဖြောင့် အောင်မွေးပါ...မှောင့် အောင်မမွေးပါနဲ့ 
ဟုတ်အောင်ထုတ်ပါ...တိမ်အောင်မထုတ်ပါနဲ့ 

ကြိုကြိုသိပါ...အပိုအလိုမရှိပါနဲ့ 
ငြိမ်အောင်လုပ်ပါ...တိမ်အောင်မလုပ်ပါနဲ့ 

မနာပဒါယီ အရှင်ဝိစိတ္တ
အို.....သခင်

အို.....သခင်

အို.....သခင်
ငါ့ နို့ ရည်ကိုသောက်ပြီး
ငါ့ ကိုမိခင်အဖြစ် သဘောမထားနိုင်ဘူးလား

အို.....သခင်
ငါပင်ပင်ပန်းပန်းရှာကျွေးတာကိုစား
ငါ့ ကိုဖခင်အဖြစ် သဘောမထားနိုင်ဘူးလား

အို......သခင်
ဘီးတွေကိုတက် ငါတို့ ခရီးအတူထွက်ခဲ့ ကြတာ
ငါ့ ကိုခရီးသွားဖော်အဖြစ် သဘောမထားနိုင်ဘူးလား

အို.......သခင်
ငါ့ အသက်ကိုသတ် ငါ့အသားကိုစား
ငါ့ သွေးကိုသောက် ငါ့အရေကိုနေလှန်းပြီး
ပိုတာကိုအကုန်ရောင်း ငါ့တကိုယ်လုံး မစင်ပါမကျန်ရလေအောင်
သခင်တို့အကျိုးအတွက် ဆောင်ကျ ဉ်းခဲ့ ကြတယ်နော်...

အို.....သခင်ရယ်
ငါ့ ဘဝနေဝင်ခါနီးမှာ စကားလေးတခွန်းသာ 
ပြောခွင့် ရမယ်ဆိုရင်
သခင်အတွက်   ဘယ်လိုအချက်အလက်လေးများ
အပြစ်ဖွဲ့ မိခဲ့ လေသလဲလို့ ပဲ
မျက်ရည်စတွေနဲ့   မေးခဲ့ ပါရစေကွယ်.....

myatsushine sayardaw
Wednesday, 4 February 2015
Sunday, 4 January 2015
1.4.2015 (67) နှစ်မြောက် လွတ်လပ်ရေးနေ့ 

1.4.2015 (67) နှစ်မြောက် လွတ်လပ်ရေးနေ့ 





1.4.2015  လွတ်လပ်ရေးနေ့  (၆၇) နှစ်မြှောက်
ဂုဏ်ပြုတေး ပြန်လယ်မျှဝေးခြင်းနှင့် 
အမှတ်တရ ဂုဏ်ပြု အပ်ပါသည်

သီချင်းလေး ဒေါင်းလိုပါက>>>http://pc.cd/9hN
Breaking News
Loading...
Quick Message
Press Esc to close
Copyright © 2013 အညာမျက်ရည် All Right Reserved