စိတ်ဓာတ်ကျတဲ့ ခါ အားဆေး(၁၀)မျိုး သောက်သုံးစမ်းပါ
စိတ်ဓာတ်ကျနေတဲ့  အခါ ဒီအားဆေးလေး(၁၀)မျိုးကို သောက်လိုက်ပါ(၁) သူတစ်ပါးရှေ့ မှာရောက်ရှိနေတဲ့ သင်ဟာ လမ်းပိတ်သူမဖြစ်စေပဲ
လမ်းပြပေးသူဖြစ်အောင် ကြိုးစားပါ..။
(၂) အောင်မြင်မူ့ ဆိုတာ အချိန်နဲ့  နေရာပေါ်မတည်ပါဘူး။
အားကိုးထိုက်သူဖြစ်အောင်နေမှ သင့် ရဲ့ လုပ်ငန်းခွင်မှာ ယုံကြည်ထိုက်သူဖြစ်လာမှာပါ ။
ထာဝရ ရပ်တည်နိုင်ဖို့  ကြိုးစားမူပေါ်မှာပဲ မူတည်ပါတယ်..။
(၃) အရှုံးတွေနဲ့  တွေ့ ချိန် စိတ်ညစ်နေမိလား
အဲဒီအရှုံးတွေထဲက ရတဲ့ သင်ခန်းစာတွေဟာ နောက်တစ်ကြိမ်းအတွက် အမြတ်တွေပါ
ဘာကိုမှ စိတ်ဓာတ်မကျပါနဲ့  အခက်အခဲ့ ဆိုရင် ရင်ကောပြီး ရင်ဆိုင်လိုက်စမ်းပါ..။
(၄) အသင်းပြော ကဲ့ ရဲ့ မှာကို ကြောက်နေလား။
ကိုယ့် လိပ်ပြာလုံရင်ပဲ ကျေနပ်စရာမို့  သင့်လမ်းကို သင်ဆက်လျှောက်ပါ.။
လမ်းမှာ ဟောင်သမျှခွေးတိုင်းကိုသာ ခဲနဲ့ ထုနေမယ်ဆိုရင် သင်သွားချင်တဲ့ ခရီးရဲ့ 
ပန်းတိုင်းကို ရောက်မှာ မဟုတ်တော့ ဘူး..။
(၅) အဆိပ်ရှိတဲ့ သတ္တဝါ ဦးချိုထောင်သောသတ္တဝါ ဆင်ခြင်မူတရားနည်းပါသူ ထိုသုံးမျိုးက
သင့် ကိုသွေးမျက်ရည်ကျစေနိုင်ပါတယ်..။
(၆) လောကကြီးသူ အယုံလွယ်သူ အားနာတက်သူ သနားတက်သူမဖြစ်အောင်
သတိထားစဉ်းစားပါ.။ထိုသူများဟာ လူလိမ်အများဆုံးခံ၇တက်သူ ဖြစ်ပါတယ်..။
(၇) နေချင်သလိုမထြစ်လို့  ဖြစ်သလိုမနေလိုက်ပါနဲ့  ရခဲလှတဲ့  ဘဝတစ်ခုကို သင်ကိုယ်တိုင်မှ
တန်ဖိုးမထားတက်ရင် လူဖြစ်ရှုံးလိမ့်မယ်...။
(၈) မိမိအလင်းရောင်နဲ့  မိမိဘဝကို ထွန်းလင်းအောင်ကြိုးစားပါ။ ရယူလိုက်ရလို့  ပျော်ရတာထက်
ပေးလိုက်လို့ပျော်ရတဲ့ သူကသာ ပျော်ရွှင်မူ့ အစစ် ပိုင်ဆိုင်မူ့ အစစ်ပါ..။
(၉) မိမိရဲ့  ပျော်ရွှင်မူ့ က သူတစ်ပါးရဲ့  မျက်ရည်တွေမဖြစ်ပါစေနဲ့ .၊ မလုပ်သင့်မှန်သိရဲ့ နဲ့  ခဏပျော်ဖို့ 
ကို ဦးစားပေးပြီးလုပ်လိုက်ရင် သင့် ပိုစိတ်ဆင်းရဲရလိမ့်မယ်။
(၁၀) သင့်မျက်နှာမှာ အပြုံး တစ်ပွင့် တပ်ဆင်လိုက်စမ်းပါ ၊ အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်းတို့ အတွက်
လှေကားထစ် တစ်ခုဖြစ်လာပါလိမ့်မယ် သင့်ရင်ထဲ ဝမ်းနည်း နာကျင်နေချိန်မှာတောင် ပြုံးနိုင်ခဲ့ 
မယ်ဆိုရင် သင်ဟာ ရင့် ကျတ်သူဖြစ်လာပါပြီ...။
လောကကြီးကို ပြုံးရယ်ပြလိုက်စမ်းပါ။

0 comments:
Post a Comment