၇တနာ (6)
ခေါင်းအုံးပေါ်မှာ မပျော်တဝက်ပျော်တဝက်နိုး မိုးစင်စင်လင်း
နှင်း ထန်ဆဲမေ..........
နွေအကြိုဆောင်း နှင်းလောင်းမှုန်ရီ
ဘယ်ဆီကြည့် ကြည့်  ကြည့် တိုင်းကြည့် တိုင်း
မှိုင်းဝေသိပ်သည်း အနီးကလေး
ဝေးကြီးဝေးထင်
မမြင်သာဘူး အချစ်ရယ်
ဝေဒနာငှက် တေးသီမြွက်နေ
အိမ်မက်ရှည်လည်း ရွက်ကြွေလိုလွင့် 
မျှော်လင့် မူ့ ပန်း နွမ်းရမှာလား
တမ်းတခြင်းများစွာ သယ်ဆောင်လာမည့် 
တရာသီပြောင်း ယာယီဆာင်းနောက်
ထောက်ညှာမငဲ့ 
သြော်.....ရောက်လာမည့်  အလွမ်းနွေ
ဆယ်နေမက ပူမယ်လေ .........၊၊
ကဗျာ- မောင်စိန်ဝင်း
ပုတီးကုန်း














