နွယ်တပင်
နွယ်တပင်
မြူနှင်းဝေလွင် တိုင်းရှစ်ခွင်က
အုံ့ မှိုင်းငယ်ရီ မှောင်ရီပြာလဲ့ 
ပိုးဇာချဲ့ ထွင် ပြာမှိင်းဆင်ဝယ်..........
နေရာတကွေ့  သူနဲ့ တွေ့ ရာ
အလှကမ္ဘာထက် ကြင်သူလက်ထွေး
နူညံ့ ဖွေးဖြူ သင်းမြကြူကို
ထွေးယူရှိုက်နမ်း အလှပန်းမို့ 
မောင့် ကမ္ဘာမှာသာခဲ့ တယ်..................
မိုးလနွေဆောင်း စွန့် ခွာညောင်းလည်း
တစ်ဦးမေတ္တာ သစ္စာတယောက်မို့ 
ပန်းပိတောက်နဲ့ ယှဉ် ချစ်ဖွဲ့ ငင်ခဲ့ ..............
နေ့ ရက်လစွန်း နှစ်သို့ ယွန်း
ချစ်ခွန်းတုန့် တင် ချစ်မဝခင်ဝယ်........
ရှေ့ မှနောက်ဆီ နေယွန်းမှီဆိုင်း
နာရီတိုင်က တို့ နှစ်ဦးသားကိုဝေးဖို့ ဖန်လာ.....................
ကြမ္မာရက်စက် မုန်တိုင်းချက်ကြောင့် 
တယောက်တပြည် တနယ်ဆီဝေး
ရွှေ့ ပြောင်းစွန့် ခွာ ချစ်သက်လျှာနဲ့ 
တနယ်ဆီကွာဝေး ရွှေ ရင်ဆွေးရ သည်ဘဝ သည်မျှ ကျေပါစေ...........
သြော်............အတိတ်ခြေရာ ဝေဒနာလမ်း မှန်းဆတခို တမ်းတပိုမိ...........
ကဗျာ- မျိုးမင်း

0 comments:
Post a Comment