Thursday, 24 January 2013

မေမေ ကျေးဇူး

မေမေ…
သိပ်ကိုကျေးဇူးတင်ပါတယ်…
သားကို   သတ္တိရှိရှိမွေးထုတ်ရင် 

ဖ၀ါးလက်နှစ်လုံး   ပခုံးလက်နှစ်သစ်ကစပြီး
အရွယ်ရောက်ပြီး   လူလားမြောက်တဲ့အထိ
ဂရုဏာတွေပေး   အကြင်နာအေးအရိပ်နဲ့
ချွေးသိပ်ပေးခဲ့တဲ့ …. မေမေ…


 နှိုင်းဆမရ  မေမေ့ မေတ္တာက
လိုချင်မှုကင်း   နှောင်ကြိုးရှင်းတယ်…
မေမေရယ်….
.
ဒီလောကပေါ်ခြေချနင်းတော့
ပတ်ဝန်းကျင်က  ထိုးနှက်   ကြင်နာသူကရက်စက်
မျက်ရည်တွေ   ပိုးစိုးပက်စက်ကျခဲ့ရလည်း..

လောကဓံကို   ကျန့် ကျန့် ခံလို့ 
အရုံးမပေးတဲ့   မေမေ...........
ညှာတာမှုဆိုတာ  အလျှဉ်းမရခဲ့ပါဘူး.


သားပြန်လာတိုင်း. .ဆီးကြိုလို့
ညစာအတွက်    မပျက်မကွက် ပြင်ပေးခဲ့တယ်

သူစိမ်းတယောက်ရဲ့ 
ချစ်ခြင်း  မေတ္တာတွေနဲ့ 
ယှဉ်စရာရှိလာကာမှ..
မေမေ့မေတ္တာ   တန်ဖိုးကြီးမှန်း သိလာတယ်..


မေမေနဲ့အတူ..
၂၄ နာရီပြည့်အောင်  မနေခဲ့မိတာ
တော်တော်ကြာနေပါပြီ.....
မေမေရယ်……. 


မေမေကသာ သားအတွက်..
အများကြီး  ပြင်ဆင်တည်ဆောက်ခဲ့တာပါ
 

သားကတော့   မေမေကိုအမောပြေဖို့ 
ဝေးတမြေကနေပြီးတော့ 
ကိုယ်တိုင်   ကိုကျလုပ်ကျွေးခွင့် လေ
မရသေး လို့    ခွင့် လွှတ်ပေးပါ
မေမေရယ်...............

အမေ့ကို အမောပြေဖို့..
ရေတစ်ခွက်တောင် ခပ်မတိုက်နိုင်သော်လည်း…


ရောက်တဲ့ အရပ်က  နေပြီးတော့ 
နေ့ စဉ်   ညတိုင်း
ရှစ်ခိုးမြဲပါ

သြော်… မေမေရယ်….
ငါးဆယ်ကျော် ခြောက်ဆယ်နင်းလို့..
မေမေ့မျက်နှာမှာ..
အရေးတင်တယ်   အရိုးဖြစ်ပါစေ

အသံတွေတုံ    ခါကိုင်ပါစေ
မေမေရုပ်ရည်ကတော့ 
သားမျက်စိထဲမှာ   အမြဲလှပနေမှာပါ
 
 စိတ်ချပါမေမေရယ်..
သားလေ
ကေဒါရကျေးမင်းလို ကြွေးသစ်မချနိုင်ရင်တောင်

အခုဘဝမှာ   မေမေရဲ့ 
မွေးကျေးဇူးကိုတော
ပေးစပ်ချင်တဲ့    သားပါ
မေမေရယ်.....................
 

0 comments:

Post a Comment

Breaking News
Loading...
Quick Message
Press Esc to close
Copyright © 2013 အညာမျက်ရည် All Right Reserved