သက်ပျင်းလေးတခါ
ချစ်သူမောင်လေ. ဖုန်းကိုလော့ဖွင့်ပြီးမောင့်ချစ်သူကို
လွမ်းတဲ့စိတ်နဲ့. ဖုန်းခေါ်ရမလား. မခေါ်ရမလား
ငေးကြည့်နေမိတယ် ချစ်သူ.....
ခုလိုပြောမိလို့ စိတ်မဆိုးလိုက်ပါနဲ့
မောင်ရင်ထဲကတကယ်စိုးရိမ်စိတ်တွေနဲ့အတူ
တွေ့ချင်တဲ့စိတ်ကပါရောနေပြီးတော့နေတာပါ
မခေါ်ရဘူးလား.....ဆိုတဲ့စိတ်က အရမ်းကျယ်ဝန်ပါတယ်...
အတွေးတွေက အရာအားလုံးကို စိုးရိမ်နေမိတာပါ.....ဖုန်းကိုမကြည့်နိုင်ပဲကြည့်ပြီးတက်လာမှာနေရတာမကောင်းတဲ့ကြားက ပိုစိုးသွားမှာကိုမောင်အရမ်းစိုးရိမ်တယ်.......
ခေါ်ရမလား.....ဆိုတဲ့စိတ်က မတွေ့လိုက်ရတာ တဒင်္ဂအတွင်းမှာ. အလွမ်းဆိုတဲ့ဒဏ်ရာကြီးကို
အလိုလိုမခေါ်ပါပဲ ရောက်လာတယ်ချစ်သူ
အဲဒီအလွမ်းဆိုတာကြီးကိုပြန်နှင်လွှတ်ဖို့ ချစ်သူလေးမှ တပါး. ဘယ်သူကမှ မစွမ်းဆောင်နိုင်ဘူးချစ်သူ.......
အဲဒီစိတ်နှစ်ခုနဲ့အတူမောင်ဖုန်းကိုငေးကြည့်နေမိရင် သက်ပျင်းလေးတခါ ခိုးပြီးချလိုက်မိတယ် ချစ်သူရယ်
13.12.2015

0 comments:
Post a Comment