Monday, 5 December 2016

တနေ့ ဒို့တူ

ချစ်ဆုံး
ဘယ်ကိုသွားသွား
နှစ်ယောက်တူလက်တွဲ လမ်းလျှောက်ချင်တာပေါ့

ဒါမယ့် အနေဝေးနေသေးတယ်လေ

ဘာကိုလုပ်လုပ် အနားမှာတိုင်ပင်ဖော်
တိုင်ဘက်နေပေးချင်တာပေါ့

ဒါမယ့် အချိန်ကကျရောက်မလာသေးဘူးလေ

ဘာပဲစားစား ချစ်ဆုံးကြိုက်တက်တာလေ
မှာဝယ်ပြီးကျွေးချင်တာပေါ့

ဒါမယ့်ရေမြေတွေခြားနေသေးတယ်လေ

စိတ်အလိုမကျလို့ နာကောက်နေချိန်အနားမှာတီးတိုးစကားပြောရင်းချော့ချင်တာပေါ့

ဒါမယ့်အတူတွေ့ခွင့်မရှိသေးဘူးလေ

ဒီအရာတွေအားလုံးပြည့်ဝစေဖို့  သစ္စာတရားနဲ့တူမောင့်မေတ္တာတွေက တသက်လုံးတွက် ဘယ်တော့မှလျှော့မသွားဘူးချစ်ဆုံး
မတွေ့ရတဲ့ရက်တွေအတွက် 
ကျေနပ်စွာခံယူလိုက်မယ်
ယုံကြည်တယ် အတူအမြဲရှိတယ်

မောင့်အပေါ်သစ္စာရှိရှိနဲ့စောင့်ကြိုနေပေးပါ
ချစ်ဆုံးလေးရဲ့အချစ်နဲ့မေတ္တာကို အကြွင်းမဲ့ယုံကြည်တယ်.......

တနေ့တူတူဆုံဆည်းပြီး သာယာတဲ့ဘဝ
အေးချမ်းတဲ့ကမ္ဘာ
တည်ငြိမ်တဲ့ မိသားစုလေး
ပျော်ရွှင်စွာနေမယ်....
မောင်အရမ်းချစ်တယ်. 
ထာဝရချစ်သက်....:-):-):-)



0 comments:

Post a Comment

Breaking News
Loading...
Quick Message
Press Esc to close
Copyright © 2013 အညာမျက်ရည် All Right Reserved