သောကခြေရာ(1)
သခင်........မြင်စမ်းတော့ လေ
နေဆယ်စင်းကို ရင်တွင်းလှောင်ပိတ်
သော့ ချိတ်ဆွဲခတ် လှပ်မပြသာ၊၊
ကြင်နာနှောင်ရစ် ချစ်သတဲ့ လား
စကားသည်လို ဆိုတက်သည့်ငှက်
ပြေးထွက်လေမှ သည်ဘဝတော့ 
နှုတ်အပြီပဲ အသည်းသာရှိ
အလွမ်းချည့် ကျန်၊၊
အစဉ်......
ရင်ထဲပတ္တမြား အလွမ်းကြားနှစ်
နှစ်ရှည်လကြာ ရာသီသာပြောင်း
ဟောင်းမယ်လို့ များ ထင်သလားလေ
သောကခြေရာ ဝေဒနာပင်
ရှင်မြဲ ရှင်နေ
သခင်ကြည့် လှည့်  မြင်တော်မူ ၊၊
မောင်စိန်ဝင်းး
ပုတီးကုန်း

0 comments:
Post a Comment