ရတနာ(2)
ရှိစေချင်သည် .........နားလည်မည့် သူ အပူကိုမျှ
ဖေးမအားဖြည့် ကြင်နာကြည့် များ
စကားချို မြွက် ယုယရက်ရှည်
ချမ်းမြေ့ ကြည် နူး နေဖူးချင်သည်
သူကမေ့ လျှင် ညှိုသွေ့ ရော်ရွက်
အလက်မဝေ ခက်မဝေတည့်
နွေနေထိပန်း ကြွေမည့် ပန်းပါ
တမ်းတဝမ်းနည်း မနာကျည်းဝံ့ 
အထည်ကျန်ဆွေး ဟိုရှေး ရှေးလို
ဝေးဝေးကသာ လွမ်းပါမည်.....၊၊
သူနှင့်မည်နေ့  တနေ့ နေ့ ကို
ရွေ့ ရွေ့ ဖြတ်သန်း လမ်းအဆုံးတည့် 
မသိမဟုတ် ထိန်းချုပ်ကင်းမဲ့ 
လျှောက်ခဲ့ ပြီလား စကားပြောဖော်
ခံစားဖော်ဖြစ် သူစိတ်ညစ်မလား
ဖြစ်ခဲ့သည့့် ဝန် ကိုယ့် အလွန်ချည့်
နစ်ကျွံလင့် မျှော် နားလည်သော်မှ
အဖော်တသက် မခေါ်ရက်ပါ
ပျော်လျ က် ပျော်ရာနေပါစေ.........
ကဗျာ-မောင်စိန်ဝင်း

0 comments:
Post a Comment